November 26, 2026

အင်တန်ကာလအတွက်​မျှော်လင့်ရာသခင်

ဓမ္မရာဇဝင် တတိယစောင် ၁၇:၁၂
မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတစ်ပြားမျှ မရှိ။ အိုးထဲမှာ မုန့်ညက်တစ်လက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဖို့ဖုတ်၍ စားလိုသောငှာလည်းကောင်း၊ စားပြီးမှ သေလိုသောငှာလည်းကောင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။

မိုးမရွာနှင်းကျ အစာ​ခေါင်းပါးလွန်းခြင်းမည်မျှကြာသည်မသိ ထိုမုဆိုးမသည် ရှိတာ​လေးကိုစား၍​သေဖို့ပြင်​နေခြင်းဖြစ်သည်။ ​ပြောရင်​တော့ မုဆိုးမသားအမိအတွက် ​နောက်ဆုံး​သောလက်နက်​ပေါ့။ ​နောက်ဆုံးလက်ကျန်အစာ၊ ဒါကုန်ရင် ကုန်ပြီဖြစ်တယ် ဘာမှမရှိ​တော့ဘူး၊ ထပ်လဲရှာလို့မရသလို ဘာမှလုပ်ရ​တော့လို့၊ ​မျှော်လင့်စရာကိုမရှိ​တော့လို့ ​ ဒါကိုစားပြီးရင် ​သေကြ​တော့မယ်လို့ဆုံးဖြတ်ခြင်းဖြစ်တယ်လို့နားလည်ရပါတယ်။

ထိုမိုးမရွာနှင်းမကျ အစာ​ခေါင်းပါခြင်းသည် မည်မျှကြာသည်မသိ​လောက်​အောင်ဖြစ်သလို ​မျှော်လင့်စရာမရှိ​တော့​လောက်​အောင် ​သေချင်သည်အထိ စိတ်ပျက်​နေရခြင်းသည် သားငယ်နှင့်အတူ​သေပွဲဝင်မည့် မိခင်၏ စိတ်နှလုံးသားခံစားချက်ကို အတိုင်းသားမြင်ရ​ပေသည်။ မည်သူသည် ​မိမိသားငယ်​လေနှင့်အတူ သတ်သေချင်ပါသနည်း။ အင်မတန် ​မျှော်လင့်ရာမဲ့​သောအချိန်ဖြစ်​နေ​ပေသည်။

ဓမ္မရာဇဝင် တတိယစောင် ၁၇:၁၃-၁၄
ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။

အပြင်ပန်းကကြည့်ရင်​တော့ ဒီလူက လူပါးဝလိုက်တာ ဒီမှာ စားပြီးရင်​သေဖို့လုပ်​နေပါတယ်ဆိုမှ၊ သူ့ကိုက​ကျွေးရဦးမယ်၊ ​တောင်းစားတာ​တောင် တစ်ခုလုံးတဲ့ နဲနဲ​ကျွေးဆို​တော်​သေးတယ်၊ မရှိ​​တော့ပါဘူး တစ်ခုတည်းရှိတယ်ဆိုမှ သူအတွက်အရင်လုပ်ပြီးမှ ငါတို့အတွက်လုပ်ဆိုပဲ ဒီမှာဗိုက်​ဟောင်း​လောင်းနဲ့​သေရဦးမယ်။ ဖြစ်နိုင်မလား ရှားပါးရတဲ့အထဲ ဆီမကုန် မုန့်ညက်မကုန်​​စေဘူးဆိုဘဲ လာပုံ​ပြော​နေတယ်လို့​ပြော​လောက်​ပေမယ့်။ အဲဒီလိုမ​ပြောပါဘူး။ ဘုရားလူရဲ့စကား၊ တနည်းအားဖြင့် ဘုရားစကားကိုနား​ထောင်တယ်ဆိုတာကို​တွေ့ရတယ်၊ ဒါ့​ကြောင့်လဲ သူတို့အားလုံးဟာ အင်တန်ကာလပတ်လုံးစားရတယ်လို့ဆိုတယ်။ အဲဒီအင်တန်ကာလပတ်လုံးဆိုတာဟာ ဘယ်​လောက်လဲမသိဘူး၊ ဘယ်​လောက်ထိ​တောင်ကြာသလဲမသိ​ပေမယ့် ​သေချာတာတစ်ခုက​တော့ ဆယ်နှစ်ကြာရင်​တောင် ငတ်​သေမယ့်အ​ခြေအ​နေက​​နေ မိမိသည်ဝစွာစားရ၍ အိမ်သားများနှင့်တကွ ဧလိယအပါအဝင်ပါဝလင်စွာစားရခြင်းကိုမြင်​တွေ့ရပါတယ်။

ဓမ္မရာဇဝင် တတိယစောင် ၁၇:၁၅
ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံး စားရကြ၏။

မိတ်​ဆွေရဲ့ ခက်ခဲမှု​တွေဟာအင်တန်ကာလဖြစ်​နေပါသလား၊ မိတ်​ဆွေရဲ့ကျန်းမာ​ရေးဟာ အင်တန်ကာလမှာ​ရောက်​နေတာလား၊ မိသားစုအ​ရေး​တွေ အိမ်​ထောင်​ရေးအဆင်မ​ပြေမှု​တွေဟာ အင်တန်ကာကြာခဲ့ပြီလား၊ ပညာ​ရေးဟာဆုံးဆုံးမြုပ်​နေပြီလား၊ အ​​ကြွေးပတ်လည်ဝိုင်ကာ အင်တန်ကာလမှာလဲကျ​နေရပြီလား၊ ​မုဆိုးမသားအမိကဲ့သို့ ​နောက်ဆုံး​သောအစာဖြစ်​နေပြီလား၊ ဒါပြီးရင် ​သေ​တော့မယ်လို့ဆုံးဖြတ်ချက်ချထားမိပြီလား၊ ဒါ​ပေမယ့်မိတ်​ဆွေမှာ ​မျှော်လင့်စရာအ​ကြောင်းရှိပါ​သေးတယ်။ အ​ခြေအ​နေ​တွေကို ​ပြောင်းပြန်လှန်ပစ်နိုင်​​သော ​မျှော်လင့်စရာ ဘုရားသခင်သည် ယခုပင် သင့်ကိုအ​ဖြေ​ပေးပါ​စေ။

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် ထိုအင်တန်ကာလအတွက် ​မျှော်လင့်စရာအ​ဖြေဖြစ်​သော သခင်ကို မိတ်​ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next