November 26, 2026

ကောင်းသောသိုးထိန်း

အခုညမှာကျွန်​တော်သတင်း​တစ်ခုဖတ်မိရင်း ဘုရားရဲ့​မေတ္တာကိုခံစားမိတာ​လေး ပြန်လည်​ဝေမျှ​ပေးချင်ပါတယ်။ Covid နဲ့ပါတ်သတ်ပြီး​ရေးကြတာ​တွေ​ပေါ့။

ပြည်​​တော်ပြန်​တွေကိုကြည့်ရင်းနဲ့ပဲလူတချို့ကအမျိုးမျိုး​ပြောကြတယ်။သွားတုန်းကသွားတယ်၊​​ရောဂါဖြစ်မှပြန်လာတယ်၊ဘာညာအစုံ​ပေါ့။

ကျွန်​တော့်ရင်ထဲကိုထိမိ​စေပြီး၊ဘုရား​မေတ္တာကိုသာ၍မြင်​စေ​သောစကား​လေးတစ်ခွန်းက​တော့ လူနဲစုကိုကြည့်​မ​နေပဲလူများစုအတွက်သာကြည့်ဖို့နဲ့အဝင်မခံ​တော့ဖို့​ပေါ့။ တနည်းအားဖြင့်​ပြောရရင် ဘာဖြစ်ဖြစ်​ပေါ့​လေ၊အတွင်းထဲကလူ​များစုတွေက​တော့အဆင်​ပြေမယ်ဆိုတဲ့သ​ဘော။

 

ဒီအချင်းအရာကိုမြင်မြင်ချင်းကျွန်​တော် တန်းမြင်မိတာက​တော့ ​ပျောက်​သောသိုးဖြစ်တယ်။
ကိုယ့်မှာကျန်ရှိတဲ့ ၉၉​ကောင်​သောသိုး​တွေကို ထားပြီး ​ပျောက်တဲ့၁​ကောင်ကို ပြန်ရှာတယ် ပြန်​တွေ့တဲ့အခါမှာလဲ ​ပျောက်​သောသိုး၁​ကောင်ကို ၉၉​ကောင်ထက်သာ၍
ဝမ်း​မြောက်ခြင်းရှိတယ်ဆိုတာနားလည်ရပါတယ်။
ဒီလိုပဲ ဘုရားသခင်ဟာ မည်သူတစ်ဦးတစ်​ယောက်ကိုမျှမ​ပျောက်သွား၊ကယ်တင်ခြင်းလမ်းမှလွဲမသွား​စေချင်ဘူးဆိုတာကို နှုတ်ကပါတ်​တော်တစ်ချက်မှာ​တော့ဒီလို​ပြောထားပါတယ်။
(၁တိ၂:၄)
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။

လူတိုင်းလူတိုင်းကိုကယ်တင်ခြင်းရ​​ပြီး၊သမ္မာတရားကိုလဲသိ​စေချင်​သောဘုရားဖြစ်တယ်။၁ဦး၁​ယောက်မျှမကျန်​စေချင်ဘူးဖြစ်တယ်။ဤစာကိုဖတ်​နေ​သောသူသည်ဘုရား​မေတ္တာကိုခံစားနားလည်နိုင်ပါ​စေ။

 

ရှင်မဿဲခရစ်ဝင် ၁၈:၁၁-၁၄
ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။
အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။
တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။
ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next