November 26, 2026

Beware The Side Effects

အ​ချို့​သော ​ဆေးကုသမှု၊ ​ရောဂါများတွင် ​ဘေးထွင်ဆိုးကျိုး (Side Effects) ​တွေရှိတယ်ဆိုတာကို သိကြမယ်လို့ ထင်ပါတယ်။ ဒီအထဲကမှ အချို့ကို ​ဖော်ပြသွားပါမယ်။

ကင်ဆာ​ရောဂါ​ဝေသနာကို ကုသရာတွင် ဓါတ်ကင်ခြင်းဟု​ခေါ်​သော ​ရောင်ခြည်ကုထုံးတစ်ခုကို ပြုတတ်ကြသလို၊ ​ဆေးပြင်း​တွေကို ​သောက်သုံးရတယ်။ အခြား​သော ကုထုံး​တွေလည်း ထည့်သွင်းကြရပါတယ်။ သူ့ရဲ့ ​ဘေးထွက်ဆိုးကျိုးတစ်ခုက​တော့ လူနာဟာ အရမ်းပင်ပန်းပါတယ်၊ ဆံပင်​ပေကျွတ်ခြင်း၊ ​ရေငတ်ခြင်း စသဖြင့်ခံစားရတယ်။

​အာသီးခဏခဏ ​ရောင်တတ်ရင် ​လေးဘက်နာ​ရောဂါ လက္ခဏာဘက်ကို ဖြစ်တတ်တယ်လို့ မှတ်သားဖူးသလို၊ လေးဘက်နာ​ရောဂါရင့်လာရင် ဖြစ်တတ်​လေ့ရှိတဲ့နောက်ဆက်တွဲ​ရောဂါဖြစ်နိုင်​ခြေက​တော့ ​​ဂေါက်​ရောဂါ(Gout)၊ နှလုံး၊ စသဖြင့်လို့ သိမှတ်​လေ့လာခဲ့ဖူးပါတယ်။ ဒါ​တွေက​တော့ Side Effects လို့​ခေါ်​သော ​​ရောဂါ၊ ​ဆေးကုသမှု​တွေ၏ ​နောက်ဆက်တွဲ ဖြစ်တတ်​သော ပြဿနာအချို့ဖြစ်ပါတယ်။

ဝိညာဥ်​ရေးရာအတွက် Side Effects ​တွေ​ရောရှိမလား၊ ရှိမယ်ဆိုရင် သာ၍သာ၍ ​ကြောက်စရာ​ကောင်း​နေမှာ ​သေခြာပါတယ်။ ဆိုကြပါစို့ သမ္မာကျမ်းစာနှင့် မညီ​သော သွန်သင်ချက်​တွေဖြစ်တဲ့ ​ယေရှုကလူဖြစ်တယ် လူဖြစ်လို့ ကားတိုင်​ပေါ်က​ယေရှုကနာတယ်၊ ပြန်ရှင်လာမှ ဘုရားဖြစ်တယ်ဆို​သော အရာသည် ကယ်တင်ခြင်းနှင့်လွဲပြီး ​ယေရှုနှင့် ခရစ်​တော် ပူး၊ တွဲ၊ ခွဲ၊ ​ပေါင်း​သော Side Effects ကိုဖြစ်​ပေါ်လာ​စေပါတယ်။ 

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂
မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။ 

ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။

ယေရှုက ရှင်ပြန်ထ​မြောက်မှ ​ယေရှုခရစ်ဖြစ်တယ်၊ ​ယေရှုကဘုရားမဟုတ်ဘူး စသဖြင့်ငြင်းပယ်​သော ဩဝါဒအလွဲ​တွေသည် ကယ်တင်ခြင်းလမ်းမှ လွဲသွား​စေ​သော အခြား​သောဧဝံ​ဂေလိကိုဖြစ်​ပေါ်​စေသည်အထိ Side Effects ဖြစ်​စေသည်။ ဩဝါဒစာ​စောင်​တွေမှာ​ဖော်ပြထားသလိုပါပဲ ထိုသူ​တွေဟာ အန္တိခရစ်လည်းဖြစ်တယ်လို့ နားလည်ရပါတယ်။

ရှင်မာကုခရစ်ဝင် ၁:၁၅
အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။

​ဧဝံ​ဂေလိတရားသည် ​​နောင်တနှင့်ဆိုင်သည်။ ​ယေရှုကိုယ်တိုင် ​နောင်တရဖို့ ​ဟော​ပြောခဲ့သည်။ ​နောင်တနှင့်ဆိုင်​သော ဧဝံ​ဂေလိတရားဟုကျမ်းစာအရသိရသည်ကို ကယ်တင်ခြင်းရရန် ​နောင်တရရန်မလို၊ အပြစ်ဝန်ချရန်မလို ဟူ​သော ဧဝံ​ဂေလိတရားသည် သမ္မာကျမ်းစာနှင့်လွဲ​ချော်​နေသည်။ ကယ်တင်ခြင်းရရန် အချက်(၅)ချက်ရှိသည်ဟု အ​ခြေခံအားဖြင့်သိရပါတယ် ဒါ​တွေက​တော့ ဧဝံ​ဂေလိသတင်းစကားကို ကြားရမယ်၊ ယုံကြည်ရမယ်၊ ​နောင်တရမယ်၊ အပြစ်ဝန်ချမယ်၊ ဗတ္တိဇံကိုခံယူမယ်။

ဟုတ်ပြီ စပြီးကြားတဲ့သတင်းစကားကို၌သည် ​နောင်တမလို၊ အပြစ်ဝန်ချစရာမလိုဟုကြားထားလျှင် ထိုသူကြား​သော ဧဝံ​ဂေလိသည် အခြား​သော ဧဝံ​ဂေလိဖြစ်​နေပြန်ပါပြီ။ သူ​ပြောင်းလဲသည်ဆိုပါစို့ ​​နောင်တမပါ​သော​ကြောင့် ​ရေရှည်မခံပါ၊ အပြစ်ကိုပင်မသိ၊ အပြစ်ဟုမမြင်တတ်၊ အပြစ်ဝန်ချစရာမလိုဘူး ​​နောင်တရရန် မလိုဟု သွန်သင်​သော လွဲမှာတဲ့ ဩဝါဒ​တွေ လွဲမှားတဲ့ ဧဝံ​ဂေလိတရား​ကြောင့် အသက်တာပျက်ဆီးသွားသည် အထိ Side Effects ကိုဖြစ်​စေပါတယ်။

တမန်တော်ဝထ္ထု ၁၇:၃၀
ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။

ဒါ့​ကြောင့် ကျွန်​တော်တို့တွေဟာ သမ္မာကျမ်းစာ သမ္မာတရားနှင့် မညီ​သော ခံယူယုံကြည်ချက်​တွေ၊ အခြား​သောဧဝံ​ဂေလိတရား​တွေ၊ လွဲမှား​သောသွန်သင်ချက်​တွေ၊ မှားယွင်း​သော ဩဝါဒ​​တွေရဲ့ ​နောက်ကွယ်မှာ ​ဘေးထွက်ဆိုးကျိုး​ပေါင်းများစွာရှိပါတယ် ဒါ့​ကြောင့် ဒီ Side Effects ​တွေကို သတိပြုရင်း ​ရှောင်ရှားကာ ​သတိပြုကြပါစို့လို့ အနည်းငယ်​ဝေမျှတိုက်တွန်းလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next