November 26, 2026

မ​ပြောင်းလဲ​သောချစ်ခြင်း​မေတ္တာ​တော်

ကျွန်​တော် ငယ်စဥ် ၂နှစ်သား​လောက်တွင် စစ်သားကြီး​တွေကိုသ​ဘောကျသည်၊ သူတို့ရဲ့ ​သေနပ်ကိုင်​ဆောင်ထားတာ​တွေ လွယ်ထားတာ​တွေမြင်ရင် သ​ဘောကျမိသည်။ ၇နှစ်အရွယ် ၂တန်း​လောက်တွင် ဝူခုန်း​ခေတ်စားလာ​တော့လည်း ​​မျောက်ဖြစ်ချင်သွားပြန်တယ်။ ရိုးရိုး​​မျောက်​တော့မဟုတ်​ပေ စွန်းဝူခုန်းမှသာလျှင် ဖြစ်ချင်သည်။ ဒီလိုနဲ့ ​ပေါင်ချိန်ရုပ်ရှင်လာပြန်​တော့ ကျန်​ကျောင်း​ပေါ့​လေ။ ​ဒါနဲ့​ပြောင်းလဲလာလိုက်တာ Titanic မင်းသား လီယိုနာဒို (Leonado)၊ Spider Man၊ Bruce Lee စသဖြင့်တစ်ခုပြီးတစ်ခု Jackie Chan ဖြစ်လာပြန်​​တော့တယ်။ ​ပြောင်းကြိုက်လာ​သော ကာရိုက်တာ​လေး​တွေ တစ်ခုပြီးတစ်ခု​ပေါ့​လေ။

အခုချိန်လာ​မေးလျှင်​တော့ တစ်​ယောက်မှမကြိုက်​တော့​ပေ။ မင်းသား၊ မင်းသမီး၊ ဘယ်သူဘယ်ဝါဖြစ်ဖြစ် ထိုသို့မရှိ​တော့ပြန်ဘူး ဆိုတာကို နားလည်ရတယ်။ အ​တော်​ပြောင်းလဲတတ်​သော လူ၏သဘာဝ ပင်ကိုအ​လေ့အထကို သတိပြုမိပါ​တော့တယ်။ ဒီလိုနဲ့ ဆရာ Samuel ရဲ့ ​ဝေငှချက်တစ်ခုကို ပြန်လည်သတိရမိပါ​တော့တယ်။ လူ​တွေက ချစ်တယ်သာ​ပြောတယ် ဘာဖြစ်လို့ ချစ်တယ်၊ ဘာ​ကြောင့်ချစ်တယ်၊ အ​ကြောင်းပြချက်​ပေါင်းစုံနဲ့ ချစ်တတ်ကြတယ်။ လှ​သော​ကြောင့်ချစ်တယ်၊ အသံ​ကောင်း​သော​ကြောင့်၊ သ​ဘော​ကောင်း​သော​ကြောင့်ချစ်တယ် စသဖြင့်​ပေါ့။ လူ့ရဲ့ချစ်ခြင်းက ​သော​ကြောင့်​တွေနဲ့သာ အဆုံးသတ်တယ်။ သို့​သော် ဘုရားသခင်၏ ချစ်ခြင်းက​တော့ ​သော်လည်းဖြစ်တယ်၊ သင်ရုပ်ဆိုး​သော်လည်း၊ မ​ကောင်း​သော်လည်း၊ ဝ​သော်လည်း စသဖြင့် ​သော်လည်းနှင့်ချစ်တယ်။ မ​ပြောင်းလဲတတ်​သော ဘုရား၏ချစ်ခြင်းကို ခံစားရမိပါတယ်။

ကျွန်​တော်တို့ကသာ တစ်ခုပြီးတစ်ခု​ပြောင်းလဲတတ်တယ်၊ ချစ်တယ်ဆိုတာ​တွေဟာလည်း ​အ​ကြောင်းပြချက်​တွေ​ပေါ်မူတည်ပြီး ပြောင်းလဲတတ်ကြပါတယ်။ ဘုရားသခင်သည် ချစ်ခြင်း​မေတ္တာဖြစ်​​တော်မူ၏လို့ ကျမ်းစာလာသည်အတိုင်း မ​နေ့၊ ယ​နေ့၊ ​နောင်ကာလ မ​ပြောင်ူလဲ​သော ထိုဘုရားသခင်၏ ချစ်ခြင်း​မေတ္တာသည် သင်နှင့်ကျွန်ုပ်အ​ပေါ်သို့ သက်​ရောက်တည်​နေပါ​စေ​သော်။

ရှင်ယောဟန်ခရစ်ဝင် ၃:၁၆
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။

ကျွန်​တော်တို့လို ​လောကီသားများအတွက် ထိုသို့အသက်​​တော်ကို စွန့်​တော်မူသည်တိုင်​အောင် ချစ်​တော်မူ​သောသူ ဖြစ်ပါတယ်။ ထာဝရအသက်ကိုရ​စေခြင်းငှာ ကျွန်​တော်တို့မှ အခွင့်အ​ရေးရှိပါတယ်။ ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် မ​​နေ့၊ ယ​နေ့၊ ​နောင်ကာလ မ​ပြောင်းလဲ​သော ချစ်ခြင်း​မေတ္တာရှင်ဖြစ်တဲ့ သခင်​ယေရှုခရစ်​တော်ကို မိတ်​ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next