November 26, 2026

တမလွန်အ​ရေး ​ရွှေရင်​အေးရ​လေ​အောင်

သမ္မာကျမ်းစာမှာ ယေရှုနဲ့​တွေ့တဲ့လူတိုင်းကို ကြည့်ရင် လွတ်​မြောက်ခြင်းရရှိသွားတာကို မြင်​တွေ့ရတယ်။ ကျန်းမာခြင်းလိုအပ်​နေသူ ကျန်းမာသွားရတယ်၊ နတ်ဆိုးစွဲသူ လွတ်​မြောက်ခြင်းရတယ်၊ နူနာစွဲသူ သန့်ရှင်းခြင်းရတယ်၊ လက်​ခြေ​သေသူ ပြန်လည်​ကောင်းမွန်လာတယ်၊ ​မျက်စိကန်းသူ အလင်းကိုမြင်ခွင့်ရတယ်၊ ​သွေးသွန်နာစွဲသူ ပြန်လည်ကျန်းမာသွားတယ်၊ ​သေသူ ရှင်ပြန်ထ​မြောက်ခွင့်ရတယ် စသဖြင့် များစွာ မြင်​တွေ့ရတယ်။

​ငါ့ထံသို့လာပါဟုဆိုသည့်အတိုင်း ​ယေရှုခရစ်​တော်ဆီသို့ သွားသူတိုင်းသည် အချည်းနှီးမဖြစ်တာကိုမြင်​တွေ့ရတယ်။ ဒီလို​ပြောလို့ ​မြေကြီးအရာကိုတပ်မက်ပြီး ငါ​အောင်မြင်ရမယ်၊ ကြီးပွားချမ်းသာရမယ်၊ ဘုရားသားမှန်ရင် မဖျားရဘူး မနာရဘူးလို့ ဆိုလိုတာမဟုတ်ဘူးဆိုတာကို​တော့ နားလည်နိုင်ဖို့ရာ အ​ရေးကြီးပါတယ်။ ​ဝိညာဥ်​ရေးရာကိုသာ ဦးစား​ပေးဖို့လိုပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၆:၃၅
ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။

​ယေရှုသည် ထာဝရအသက်အတွက် အာမခံချက်ဖြစ်သည်။ ငါသည် အသက်မုန့်၊ ငါ့ကိုယုံကြည်ပါဟုဆိုသည်အတိုင်း  လက်ခံယုံကြည်သမျှ​သော လူတိုင်းအတွက် တစ်ဦးတည်း​သော အာမခံဖြစ်​ပေသည်။ ​​ရေဆာလျှင် ​ရေကို​သောက်၍ ဗိုက်ဆာရင် တစ်ခုခုကိုစားရသကဲ့သို့ ဘဝအ​မောများ​ပြေ၍ မိမိတို့ရဲ့ တမလွန်အ​ရေးကို  ​ရွှေရင်​အေးရ​လေ​အောင် ​အသက်မုန့်ဖြစ်​သော ယေရှုခရစ်​တော်ကိုသုံး​ဆောင်၍ သူ​ပေး​သော နှုတ်ကပတ်​တော်​ရေနှင့် အ​မော​ဖြေကာ တမလွန်အ​ရေးရင်​ရေး​စေကြပါ​စေလို့ အနည်းငယ်သတင်း​ကောင်းပါးလိုက်ချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next