ဘုရားသခင်၏လက်တော်ကိုမြင်စေခြင်း

လောကမှာ အသက်ရှင်တဲ့အခါမှာ ဆုံးရှုံးခြင်းတွေ၊နာကျင်ခံစားရတာတွေ၊ငိုကြွေးမြည်တမ်းရတာတွေ၊မိသားစုနဲ့အဆင်မပြေတာ၊အစရှိသဖြင့် အရေးအရာများစွာကို ကြုံတွေ့ရတတ်ပါတယ်။ အခုလက်ရှိဆိုရင်တော့ Covid-19 ပေါ့။ ဒါပေမယ့် ...
ဒီအရာတွေဟာ သင့်ရဲ့ဝိညာဉ်ရေးရာကြီးထွားဖို့ဖြစ်တယ်ဆိုတာနားလည်ဖို့ဖြစ်တယ်။
ကြုံတွေ့နေရတဲ့အခက်အခဲအဆီးအတားကို လက်မြှောက်အရှုံးပေးလိုက်ဖို့ သင့်ကို ဘုရားအလိုတော်မရှိပါဘူး။ တချို့သောသူတွေကတော့ ဒီအပေါ်မှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ပြီး အရှုံးပေးလိုက်ကြတယ်။ ဒါဟာအလိုတော်လား။
မဟုတ်ပါဘူးဆိုတာနားလည်ဖို့ဖြစ်တယ်။ယုံကြည်သူမှန်
ရင်ဒါမျိုးမလုပ်ပဲ အဖြေရှိပြီးသားဆိုတာသိဖို့ဖြစ်တယ်။
ရှောလုက ဖြစ်ပါ့မလားလို့ဒါဝိဒ်ကိုသေမှာစိုးလို့စိုးရိမ်မိတဲ့အခါမှာကတော့ ဒါဝိဒ်ကဒီလိုဆိုပါသတဲ့ ...
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၃၄-၃၆
ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသူငယ်ကို သိုးစုထဲကကိုက်ချီပါ၏။
ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသူငယ်ကို သူ့ပါးစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကိုကိုင်၍ ရိုက်သတ်ပါ၏။
ကိုယ်တော်ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော
ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင်တစ်ကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
ဒါဝိဒ်မှာ သက်သေရှိဖူးတယ်၊သူ့အခက်အခဲကြုံခဲ့ရချိန်
မှာအောင်မြင်ခဲ့တဲ့သက်သေရှိသလို အခုကြုံရတဲ့အရာအပေါ်မှာလဲအောင်မြင်ခွင့်ဘုရားပေးထားတယ်ဆိုတာ
စိတ်ချတယ်လို့မြင်ရပါတယ်။ ဆက်ဖတ်လို့ရှိရင်
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၄၅
ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။
ဂေါလျတ်ကတော့ လက်နက်အစုံနဲ့လာတာဖြစ်တယ်
သို့သော် ဒါဝိဒ်သည် ထာဝရဘုရားရဲ့နာမ နဲ့လာတာဖြစ်တယ်။ မိတ်ဆွေ သင့်ရဲ့အခက်အခဲထက် ဘုရားရဲ့နာမသည်သာ၍ကြီးမြတ်တယ်၊ဘုရားတတ်နိုင်တယ်ဆိုတာနားလည်သဘောပေါက်ဖို့ဖြစ်တယ်။ အခက်အခဲတွေထဲကနေ ဘုရားရဲ့တတ်နိုင်ခြင်းကိုသာ၍မြင်တွေ့ဖို့ရာရှိတယ်ဆိုတာနားလည်ဖို့ဖြစ်တယ်။ အာမင်။
အခက်အခဲကတော့ကြုံရမှာပဲဖြစ်တယ် ဒါပေမဲ့သင်သည်
ဆုံးရှုံးခြင်းသို့မရောက်ပါ။
ကျွန်တော်တို့သည် ယောဘအသက်တာလောက်မခံရပါ။
ယောဘဝတ္တု ၁၁:၁၈
မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာငြိမ်ဝပ်လိမ့်မည်။
ဆုံးရှုံးခြင်းတွေရှိနေရင်တောင်မြှော်လင့်လို့ရပါသေးသည်။
မစိုးရိမ်ဖို့ရာလိုအပ်ပြီးတော့ ဘုရားအပေါ်စိတ်ချနေဖို့ရာလိုအပ်ပါသည်။မိတ်ဆွေ သင်ရော ကျွန်ုပ်ရော ဘုရားအပေါ်စိတ်ချဖို့လိုအပ်ပါသည်။
နောက်ဆုံး နှုတ်ကပါတ်တော်၁ခုနဲ့အားပေးချင်ပါသည်။
ဆာလံကျမ်း ၃၇:၂၃-၂၄
ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။
ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
ယုံကြည်သူတွေဟာ အခက်အခဲကြုံရသော်လည်း
အဆုံးကိုမရောက်ရပါ သင်နဲ့ဘုရားအတူရှိတယ် အောင်မြင်
ခွင့်ပေးထားတယ်။ အတားအဆီးအခက်အခဲတွေဟာ ကျွန်ပ်တို့ရဲ့ စားစရာဖြစ်တယ်၊ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေဖို့ရာသာဖြစ်တယ်ဆိုတာနားလည်ရပါတယ်။
အောင်မြင်ဖို့တိုက်နေတာမဟုတ်ဘူး၊
အောင်မြင်ခြင်းထဲကနေတိုက်နေတာဖြစ်တယ်လို့
အားပေးချင်ပါတယ်။ အခက်အခဲ၊အဆီးအတားတွေကို
အောင်မြင်ကျော်လွှားဖို့ရာရှိပြီးသားဖြစ်တယ်။ လမ်းတစ်လမ်းတော့ပြင်ဆင်ထားပြီးသားဖြစ်တယ် ဒီလမ်းကလဲ ယေရှုခရစ်တော်သာဖြစ်တယ်လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ ယေရှုက ငါသည်လမ်းခရီး၊သမ္မာတရား၊အသက်လည်းဖြစ်တယ်လို့ဆိုပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။