November 26, 2026

ထိုအနာသည် ​သေနာမဟုတ်

ကျွန်​တော်တို့ပတ်ဝန်းကျင်မှာ မြင်​နေရတယ်၊ကြား​နေရတယ်၊ ဘယ်မှာ​တော့ကူးသွားတယ်(Covid)၊ဘယ်မှာ​နေသွားတာ ဘယ်နှစ်​ယောက်​မြောက်ပါ၊သူကဘယ်ကိုဆက်သွားတယ်၊ဘယ်​လောက်ကြာမှ​တွေ့တယ်
ဘယ်သူ​တွေများကူး​နေပြီလဲ၊ကိုယ့်ဆီမှာ​ရောရှိ​နေမလား။ စိတ်ပူပင်တတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူ​တွေအတွက်လည်းစိတ်ပူ​ပေးတတ်ကြတယ်။
ကိုယ့်အတွက်မစိုးရိမ်ရင်​တောင်မှကိုယ်ချစ်​သောသူ​တွေကို​တော့ ​ဘေးကင်း​စေချင်ကြတာပါပဲ။

 

ရှင်ယောဟန်ခရစ်ဝင် ၁၁:၄
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။

 

ယုံကြည်သူရဲ့အသက်တာမှာ ကြုံ​တွေ့ရ​သောအရာတစ်ခုစီတိုင်းက မ​တော်မဆဆိုတာမရှိဘူး၊တိုက်ဆိုင်တာမရှိဘူးဆိုတာကိုနားလည်ရပါတယ်။ ဒီအရာ​တွေအားဖြင့် ဘာဖြစ်​စေဖို့လဲ၊ကိုယ့်ကို ဘာနားလည်​စေချင်တာလဲ၊ဘုရားသခင်ဘာကိုမြင်​စေချင်တာလဲ၊ဘာ​ပြောချင်တာလဲဆိုတာကို သတိမလွတ်​စေပဲ နားလည်ဖို့ရာရှိတယ်ဆိုတာကိုခွန်အား​ပေးချင်တယ်။ သတိမလွတ်​စေဖို့ဆိုရင်​တော့ စစ်မှန်​သောနှုတ်ကပါတ်​တော်သမ္မာတရားကို​နေ့ညမပျက်ဆင်ခြင်​အောက်​မေ့တတ်​စေဖို့အ​ရေးကြီးပါတယ်။

သင်နဲ့ကျွန်​တော်မကြုံ​တွေ့ချင်​သောအရာ​တွေလဲဖြစ်​ကောင်းဖြစ်နိုင်ပါတယ်။ ဒါ​ပေမယ့်ဒီအရာ​တွေထဲက​နေ ခွန်အားယူတတ်ဖို့လိုအပ်တယ်။ ကြုံ​တွေ့ရ​သောအရာတစ်ခုစီတိုင်းမှာ ဝိညာဥ်​ရေးရာ(Level)အဆင့်မြင့်လာဖို့နဲ့ဘုရားဘုန်းထင်ရှားဖို့ရာဖြစ်တယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။

 

ယေရှုက ထိုအနာသည်​သေနာမဟုတ်လို့ဆိုတယ်။
ဘုရားသခင်ဘုန်း​တော်ထင်ရှားဖို့ဖြစ်တယ်လို့​ပြောပါတယ်။ ဟုတ်ပါတယ် ကျွန်​တော်တို့ကြုံ​တွေ့​နေရ​သော Covid-19 ၊စားဝတ်​နေ​ရေး၊ကျန်းမာ​ရေး၊လူမှု​ရေး၊စီးပွား​ရေး၊အစရှိသဖြင့် အခက်အခဲများစွာဟာ ဘုရားသခင်ဘုန်း​တော်ထင်ရှားဖို့ရန်အတွက်သာဖြစ်တယ်လို့ ​ဝေမျှအား​ပေးချင်တယ်။

​ရှင်ယောဟန်ခရစ်ဝင် ၁၁:၄၅
ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကိုမြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။

ဒီလိုပါပဲ ကျွန်​တော်တို့အ​ပေါ် ​ယေရှုခရစ်​တော်ပြု​ပေး​သောအရာ​တွေကိုသူတပါးမြင်တတ်​စေဖို့ရာ မိမိကိုယ်ကိုဆင်ခြင်တတ်ဖို့လိုအပ်တယ်။ သို့မှသာ မိမိတို့အ​ပေါ်​ယေရှုခရစ်​တော်ပြု​ပေး​သော​ကျေးဇူး​တော်ကိုမြင်၍ သူတပါးသည် ဘုရားကိုမြင်ဖို့ရာ၊ကယ်တင်ခြင်းရဖို့ရာဖြစ်လာမယ်။ ဒါတင်မက​သေးပဲ

 

ရှင်ယောဟန်ခရစ်ဝင် ၁၁:၄၆
အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။

 

တချို့က​တော့ ကြား​ပြောတယ်လို့ဆိုတယ်။တနည်းအားဖြင့်​တော့ တဆင့်သက်​သေပြန်ခံကြတာကို​တွေ့ရတယ်။
ဒါ​ကြောင့်မို့လို့ မိမိတို့ကြုံ​တွေ့​နေရ​သော Covid ​သော်လည်း​ကောင်း အခြားအရာတစ်ခုခု​သော်လည်း​ကောင်း ရှိ​ကောင်းရှိ​နေပါလိမ့်မယ်။
ဒီက​နေ့မှာ ကျွန်​တော် အား​ပေးချင်ပါတယ်။

ထိုအနာသည်​ ​သေနာမဟုတ် ဘုရားသခင်ဘုန်း​တော်ထင်ရှားဖို့သာဖြစ်တယ်လို့ အနည်းငယ်​ဝေမျှအား​ပေးလိုက်ပါတယ်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next