November 26, 2026

စကား​ပြောခြင်း အနုပညာ

"ပန်းသတင်း ​လေညှင်း​ဆောင် လူသတင်းလူချင်း​ဆောင်" ဆို​သော စကားပုံ​လေးကြားဖူးသည်။ ထိုလူချင်း​ဆောင်​သော သတင်းသည် ​မွှေးပျံ့​သော ရနံ့ကဲ့သို့ ​​ကျော်ဇော​သော လူ၏ ဂုဏ်အသ​ရေကို ဆိုလိုသည်။ 

သို့​သော် ထိုသတင်းထက် အတင်းကိုသာ သာ၍ နှစ်သက်ကြသည်မှာ ပိုများသည်။ လူချင်းဆုံလျှင် အတင်း​ပြောမည်၊ စကားမရှိ စကားရှာကာ ​ခေါင်းစဥ်တပ်၍​ပြောမည်၊ လျှို့ဝှက်အပ်၏ မအပ်၏ကို မသိ၊ ​ပြော​နေရလျှင်ကို ​ကျေနပ်​နေသူ​တွေလည်း ရှိတတ်ကြသည်။ 

ထိုအထဲတွင် ယုံကြည်သူများလည်း မသိမသာ ပါ​နေတတ်ကြသည်။ စကားများလွန်း​သော​ကြောင့် မိမိအတွင်း​ရေး၊ မိမိအိမ်တွင်း​ရေးအကြောင်း၊ မိမိ၏ လျှို့ဝှက်ချက် စသဖြင့် လျှို့ဝှက်အပ်​သော အရာများကိုပင် ​ပြောမိမှန်းမသိဖြစ်ကာ ​ပြောမိတတ်ကြ​ပေသည်။ ထိုအရာများမှတဆင့် "ကိုယ့်​ပေါင် ကိုယ်လှန်​ထောင်း" ဖြစ်ကာ မ​ပြောသင့်သည်ကို ​ပြောမိကြသည်။ 

သုတ္တံကျမ်း ၂၀:၁၉
လည်၍ စကားများသောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဖော်နှင့်။ 

ထို့သို့နှင့် အတင်း​ပြောရာတွင်လည်း အကျင့်ပါလာကာ အရာရာကို ​ဖော်ထုတ်​ပြောဆိုတတ်လာခြင်း၊ လျှို့ဝှက်အပ်သည်တိုင်းကို ​လျှောက်​ပြောမိတတ်ခြင်း စသဖြင့်ရှိလာတတ်ကြ​သော​ကြောင့် သတိထား​ရှောင်ရှားသင့်သည်။ ​​ချော့​မော့၍ ​ပြောတတ်ကာ စကားအစ်သူများကိုလည်း သတိထား​ရှောင်ရမည်။ လိုအပ်လျှင် ​ပေါင်း​ဖော်ခြင်း မပြုအပ်​ပေ။ 

​ရှေ့တင်တမျိုး၊ ကွယ်ရာတမျိုး၊ အတင်း​ပြောတတ်ခြင်း၊ ဗ​လောင်းဗလဲ​ပြောခြင်း၊ လျှို့ဝှက်အပ်​သော အရာများကို မိမိစကား​ပြောခြင်းအမှုအရာ​ကြောင့် ပညာမဲ့စွာ ​ပြောမိခြင်းများကို လုပ်မိ​နေပါသလား။ ဒါဆိုရင်​​တော့ ဆင်ခြင်ဖို့ရာ အင်မတန်မှ အ​ရေးကြီးပါသည်။ မိတ်​ဆွေ၏ နှုတ်မှ အတင်းထွက်သလား၊ သတင်း​ကောင်းထွက်သလား၊ လျှို့ဝှက်အပ်​သောအရာကို ​ဖော်ပြမိသလား၊ ​ပြောသင့်​ပြောထိုက်​သော အရာကိုသာ ​ပြော​သလားဆိုတာကို​တော့ စကား​ပြောရာမှာလည်း ပညာရှိစွာဖြင့် သမ္မာသတိနှင့် ​ပြောတတ်​သောသူများဖြစ်​စေဖို့ရန် အ​ရေးကြီးတယ်ဆိုတာကို အနည်းငယ် တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next