အကျိုးအမြတ် ( Profit )

Covid-19 ဆိုသောရောဂါတစ်ခုအားဖြင့် လူတွေကအမျိုးမျိုးသောအကြံအစည်တွေကြံစည်ကြတယ်၊ပြုမူကြတယ်၊အကောင်အထည်ဖော်ကြတယ်။
Covid ဆိုတာ ကုသဖို့ဆေးမရှိ၊ကာကွယ်ဖို့ဆေးမရှိသေးသောကြောင့် လူတချို့ကစီးပွားရေးအကွက်ရွှေ့ကြတယ်။
MASK တွေဈေးတင်ရောင်းကြတယ်။
Handgel တွေဈေးတင်ရောင်းကြတယ်။
အခြားသောပစ္စည်းတွေဈေးတင်တယ်။
စီးပွားရေးအမြတ်အစွန်းတွေရလိုက်ကြပြန်တယ်။
တချို့အလုပ်ရှင်တွေက စီးပွားရေးအခြေအနေကြောင့် လူလျှော့ချင်ကြတာကို Covid ကိုအကြောင်းပြုလို့ လူလျှော့ခွင့်တွေရခဲ့ကြပြန်တယ်။ ဒါလဲအမြတ်အစွန်းတချို့လို့ဆိုပေရော့မလား။
တချို့ကျပြန်တော့လည်း Covid Fake News (သတင်းတု)တွေဖြန့်လို့ အမြတ်တွေရကြပြန်တယ်။
တချို့ကလဲ ဈေးဝယ်ကြတာသောက်သောက်လဲပဲ။ တိုးဝှေ့လို့ရယ်ပေါ့။
တစ်မျိုးတစ်ဖုန်အားဖြင့်အမြတ်တွေရကြတယ်လေ။
တချို့ကျလဲ Covid ကြောင့် အသက်ရှင်တဲ့ဘုရားကိုသိဖို့ဖြစ်လာပြန်တယ်။ ခေါ်ရင်ထူးတဲ့ဘုရားမို့ခေါ်ကြည့်လိုက်တဲ့အခါ အဖြေရသွားသူတွေရှိကြမယ်။
သူ့အတွက်တော့ဒါဟာအမြတ်တကာ့အမြတ်ဆုံးပဲလေ။ ယခုဘဝ၊နောင်ဘဝအတွက်စိတ်ချရသောအဖြေကိုရရှိသွားပြီပဲ။ဒါဟာအမြတ်ဆုံးပါပဲလား။ ဒီ့ထက်သာ၍ကြီးသောအကျိုးအမြတ်ဆိုတာရှိပါဦးတော့မလား။
ယနေ့ပင်ကယ်တင်ရာနေ့ရက်ဖြစ်တယ်။
မြည်းစမ်းကြည့်ပါ။ ကယ်တင်ခြင်းထာဝရအသက်သည် သင့်အတွက်ဖြစ်တယ်။
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၆:၂
ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။